ကောလင်း  ၁၅  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါရှာဖွေရာတွင် လွယ်ကူစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ RDT test kitများ ဝယ်ယူရန် အလှူငွေများ  ဒီဇင်ဘာ ၁၄ ရက်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလှူရှင်များ၏ ပေးအပ်လှူဒါန်းမှုကို  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)