ကောလင်း ၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ မေ ၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ဈေးရုံးဗိုလ်တဲရပ်ကွက် အိမ်ပိုင်ရှင် ဒေါ်ထွေးကြည်၏ နေအိမ်အပေါ်ထပ်တွင် လျှပ်စစ်ထမင်းအိုး တည်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးကျော်သေး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၅)ဦး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးနှင့် ပြည်သူလူထုတို့က မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၇ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် လူနေအိမ် သွပ်မိုး၊ ထရံကာ (၂၀×၁၅)ပေ၊ ၂ ထပ်နှင့် အတွင်းပစ္စည်းများ ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် ကောလင်းမြို့မရဲစခန်းမှ ပိုင်ရှင် ဒေါ်ထွေးကြည် အသက်(၇၅)နှစ်၊ ကျပန်းအား မီးပေါ့ဆမှုဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)