ကောလင်း ၁၀ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခန်သာတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ ပန္နက်တင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ်ဆရာဝန်ကြီး ဦးမိုးဆွေနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး အုန်းနိုင်တို့က ပန္နက်ရိုက်ခဲ့ကြသည်။

 

2277

 

အဆိုပါ အဆောက်အဦသည် (၄) ခန်းတွဲ၊ RCC (၁)ထပ် အလျား ၈၄ ပေ၊ အနံ ၂၃ ပေဖြစ်ပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၄၆ ဒသမ ၅၃၀ သန်းဖြင့် ခန့်မြန်မာခွန်အားသစ် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)

 

111