ကောလင်း   ၉   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ညောင်ဝန်းကျေးရွာတွင်  မြစိမ်းရောင်(ငါးကဏ္ဍ) ရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို မတ်လ ၂၃ ရက်နေ့က  စတင်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးဖြစ်ကြောင်း သိရသည်။

 

mdn

 

၎င်းကျောက်ချောလမ်းကို အလျား ပေ ၂၀၅၀ အနံ ၁၀ ပေ အမြင့် ၆ လက်မဖြင့် ကောလင်းမြို့နယ် မြစိမ်းရောင်စီမံကိန်း(ငါးကဏ္ဍ) ၃ နှစ်ပြည့်အတိုးရငွေ ကျပ်သိန်း ၅၀ ဖြင့် ဆောင်ရွက် ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီးဖြစ်၍ ညောင်ဝန်း၊ ဆီဆုံ၊ မိုးနှံ ကျေးရွာများမှ ထွက်ရှိသော ထုတ်ကုန်များကို ကောလင်းမြို့ပေါ်သို့ အဆင်ပြေစွာ သယ်ယူထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။

 

ယခင်က မိုးရာသီ၌ ကျောင်းသား၊ ကျောင်းသူများ ပညာရေးအတွက် သွားလာရာတွင်လည်ကောင်း၊ လယ်ယာထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း သွားလာရာတွင် အခက်အခဲများရှိခဲ့ပြီး ယခုအခါ နွေမိုးဆောင်း သုံးရာသီလုံး ဒေသခံပြည်သူများလွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း ညောင်ဝန်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်ဦးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)