ကောလင်း ၁၇ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ကိုးသောင်းကျော် စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ရာသီတွင် မိုးခေါင်သဖြင့် စိုက်ပျိုးချိန်နောက်ကျတယ်၊ နောက်ပြီး နောက်မိုးမလိုက် သည့်အတွက် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်၊ ယခုနှစ် မိုးစပါးစိုက်ပျိူးရာသီတွင် သတ်မှတ်လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များကို မျိုးသန့်ခြံများ၊ ကုမ္ပဏီများနှင့် တောင်သူထုတ်မျိုးစေ့များကို ဖြန့်ချိပေးပါတယ်၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် မြေဆီသုံးစွဲမှု အခြေအနေနှင့် ပတ်သက်ပြီး တောင်သူတွေကို စိုက်ကွင်းအရောက် အသိပညာပေး ဟောပြောမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့် ပြောသည်။

 

ကောလင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ စိုက်ပျိုးရေးနည်းပညာ၊ စိုက်ပျိုးရေးစရိတ်များ အချိန်မီရရှိရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)