ကောလင်း  ၉   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ ဒုတိယအကြိမ်ကျောင်းပေါင်းစုံ (မိဘကျေးဇူးစာပေဆု) စာစီစာကုံးဖိတ်ခေါ် ပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀နာရီက မင်းချမ်းအထက ၌ကျင်းပပြုလုပ်ခဲ့သည်။

 

စာစီစာကုံးပြိုင်ပွဲကို အထက(၁)၊ အထက(၂)၊ အထကမင်းချမ်း၊ အထကဥက္ကံ၊ အထကခံသာ၊ အလကကြာအင်း၊ အလကတောင်ပုံ၊ အလက (ခွဲ) သဖန်းကုန်း ကျောင်းများမှ အထက်တန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၅၆ ဦး "မြန်မာနိုင်ငံတော်ငြိမ်းချမ်းရေးခရီးလမ်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၃၈ ဦး "ဘဝလမ်းပြစာအလှ" ခေါင်းစဉ်ဖြင့် လည်းကောင်း စုစုပေါင်း ၉၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲဝင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆုရကျောင်းသား ကျောင်းသူများအား ပထမဆု ကျပ် ၅၀၀၀၀၊ ဒုတိယဆု ကျပ် ၃၀၀၀၀၊ တတိယဆု ကျပ် ၂၀၀၀၀၊ နှစ်သိမ့်ဆု ၂ ဆု ကျပ် ၁၀၀၀၀ နှုန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ဒီဇင်ဘာလ ၂၁ ရက်နေ့ စာပေဟောပြောပွဲတွင် ဆုများ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့့််ထွန်းမင်း(ပြန်/ဆက်)