ကောလင်း  ၁၇   မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)ကာကွယ်ရေး အသိပညာပေး နံရံကပ်ပြဘုတ်များစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

430

 

 ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေးအသိပညာပေး နံရံကပ်ပြဘုတ်များကို လူအများသွားလာသည့် နေရာများ၌ စိုက်ထူခဲ့သည်။ထို့နောက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်ဖြူဖြူဝင်းနှင့် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်း၍ လူအများသွားလာရာ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (COVID-19) အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ပါဝင်သည့် မိမိကစ၍ ကာကွယ်ပါ လက်ကမ်း စာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)