ကောလင်း   ၂  မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် လှည့်လည်စစ်ဆေးခြင်း နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့တွင်း စက်သုံးဆီ အရောင်းဆိုင်များ၊ ဈေးဆိုင်ခန်းများ၊ လူနေအိမ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့‌ ဆောင်ရွက်ရာတွင် ပြည်သူများ မီးအသုံးပြုရာ၌ စနစ်တကျ အသုံးပြုစေရေး၊ မီးချိတ်/မီးကပ်များနှင့် သဲများ၊ မီးသတ်ဆေးဘူးများ၊ ရေကန်များအတွင်း ရေအသင့်ထားရှိရေး၊ ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ဖြင့် ဘုရားမီးပူဇော်ရာတွင် မီးစာကုန်မည်ကို သတိထားစောင့်ကြည့်ရေး၊ ရပ်ကွက်/ကျေးရွာများအတွင်း မီးတားလမ်းများ ရှင်းလင်းဆောင်ရွက်ထားရေးနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်သေးနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)