ကောလင်း ၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီခွဲက နှာခေါင်းစည်း အခု (၂၈၀၀)ကျော် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်လူငယ်ရေးရာ တာဝန်ခံတို့ ပူးပေါင်း၍ လူအများသွားလာရာနေရာများနှင့် မြို့အားကစားကွင်း (ယာယီစျေး)၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုနောက် နံနက် ၁၀ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့ အထက(၁)အနီး ရှောင်တခင် စောင့်ကြပ်စစ်ဆေးခဲ့ရာ mask မတတ်ဘဲသွားလာသူ (၁၂)ဦးအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


