ကောလင်း ၁၁  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ (၂)ထပ် တိုးချဲ့လူနာဆောင် ဆောက်လုပ်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မန်းဧရာဝတီ ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်ရန် ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက  ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

mdn

 

အဆိုပါ ပန္နက်ရိုက်အခမ်းအနားသို့ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အုန်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမိုးဆွေ နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက အသီးသီး ပန္နက်တိုင်များ ရိုက်ပေးခဲ့ကြပြီး ပြည်သူ့ဆေးရုံ (၂) ထပ် တိုးချဲ့လူနာဆောင် ဆောက်လုပ်မည့်နေရာကိုလည်း ကြည့်ရှုခဲ့ကြသည်။

 

အဆိုပါ အဆောက်အဦအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၇၂.ဝ၀ သန်းဖြင့် ဆောင်ရွက်မည့်  မန်းဧရာဝတီ ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မိုးဝေက သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြင့်ထွန်းမင်း(ကောလင်း)