ကောလင်း ၁၁  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အထက(၁)တွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးဌာန (Quarantine Center) သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပူပြင်းခြောက်သွေ့သော ရာသီဖြစ်သောကြောင့် ကောလင်းမြို့ပေါ်ရှိ အချို့ရပ်ကွက်များရှိ ရေတွင်းများတွင် သောက်သုံးရေများ ပြတ်လပ်လျက်ရှိပြီး ကောလင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ရောဂါစောင့်ကြည့်ရေးဌာန (Quarantine Center) ဖွင့်လှစ်ထားရှိရာ သောက်သုံးရေများ အခက်အခဲရှိသဖြင့် ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက လိုအပ်သော သောက်ရေသုံးရေဂါလန် (၈၀၀)အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)