ကောလင်း  ၂၀  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ယွန်းအိုးကျေးရွာအုပ်စု ယွန်းအိုးကျေးရွာတွင်  ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် တစ်နိုင်တစ်ပိုင် မှသည် စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်ကာ မိသားစုများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "ဖျာ၊တောင်း"ယက်လုပ်ခြင်းသင်တန်းကို ၁၅ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့  ခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မီမီ အောင် နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများတက်ရောက်ပြီး သင်တန်းသား/ သင်တန်းသူ ၂၀  အား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)