ကောလင်းမြို့နယ်တွင် ကျွန်းသစ် ၂၂ လုံးနှင့်အတူ တရားမဝင် သစ်ခွဲစက်လုပ်ငန်း လုပ်ကိုင်သူအား ဖမ်းမိ

ကောလင်း ၁၁ ဖေဖော်ဝါရီ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် အထက်သီတရာကျေးရွာအနီး တောအတွင်းမှ တရားမဝင် သစ်ခွဲစက် ပြုလုပ်နေသူအား ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

123


ကောလင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကောလင်းမြို့နယ် အထက်သီတရာကျေးရွာအနီး သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ သစ်စက်ပိုင်ရှင် အောင်ကြည်နှင့်အတူ တရားမဝင် ကျွန်းသစ်လုံး ၂၂ လုံး(၁ ဒဿမ ၈၉၆ တန်)၊ ကျွန်းခွဲသား ၁၃ ချောင်း(ဝ ဒဿမ ၁၃၀၄ တန်)နှင့် သစ်ခွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိရသဖြင့် တရားမဝင် သစ်ခွဲစက်ပြုလုပ်သူ အောင်ကြည်၊ အထက်သီတရာကျေးရွာ၊ ကောလင်းမြို့နယ်နေသူအား ကောလင်း မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။


လူအောင်(ကသာ)