ကောလင်း ၁၅ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ဂွေးချိုကျေးရွာအနီး ကျောက်ကြမ်း တောင်နေရာတွင် တရားမဝင် ရွှေသတ္တုတူးဖော်နေသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မေလ ၁၄ ရက် နံနက် ၁၀ နာရီက ကောလင်းမြို့နယ်၊အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်း၊ အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းလွင်တို့ ပါဝင်သော အဖွဲ့သည် သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ ဂွေးချိုကျေးရွာအနီး ကျောက်ကြမ်းတောင်နေရာတွင် တရားမဝင်  ရွှေသတ္ထု တူးဖော်နေကြောင်း သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးရာ အောင်စိုးမိုး(ခ)အားဝင်းအား တွေ့ရှိရပြီး အနက်ပေ ၁၀ဝ ကျင်းတူးပြီး အောက်ပိုင်းတွင် လိုဏ်ဂူတစ်ခုပြုလုပ်ထားပြီး ၎င်းအနီးတွင်ရွှေချက်ကန် (၈)ခုနှင့် အတူတရားမဝင် ရွှေတူးဖော်ရာတွင်အသုံးပြုသော သက်သေခံပစ္စည်း (၁၀)မျိုးနှင့် အတူတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

 

တရားမဝင် ရွှေသတ္ထုတူးဖော်နေသူ ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မရပ်ကွက်နေ အောင်စိုးမိုး (ခ)အားဝင်းအား ကောလင်းမြို့မ ရဲစခန်းမှ ရွှေသတ္တု ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရပါသည်။

 

လူအောင်(ကသာ)