ဂန့်ဂေါ ၁၈  မတ်

           

၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် အရည်အသွေးကောင်း နှမ်းနက်သီးနှံများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ဂန့်ဂေါမြို့နယ်၊ ကျောမြို့ဒေသ၊ တဇန်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

 

ဂန့်ဂေါမြို့နယ်အတွင်း ယခင်နှစ်များက မိုးနှမ်းကို GAP စနစ်ဖြင့် စိုက်ပျိုးမှုများရှိခဲ့ရာ ဖြစ်ထွန်းအောင်မြင်မှုရှိသည့်အတွက် GAP စနစ်ဖြင့် နှမ်းသီးနှံစိုက်ပျိုးရန် ကျန်ရှိနေသည့် ကျောမြို့ဒေသ တောင်သူများနှင့် ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် တဇန်းကျေးရွာတွင် တောင်သူ ၁၆ ဦးက မိုးနှမ်းစိုက်ဧက ၂၄ ဧကကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

 

ဂန့်ဂေါမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် မိုးရာသီက အရည်အသွေးကောင်း နှမ်းနက်သီးနှံ ဧက ၄၀၀ ကျော်၊ ၂၀၁၉ ခုနှစ်တွင် ဧက ၁၇၀၀ ကျော်ကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်နှင့်အညီ စိုက်ပျိုးခဲ့၍ ယနှစ်တွင် ဧက ၂၀၀၀ ခန့်ကို GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တောင်သားမောင်သန်း