ကော့မှူး ၄ ဇူလိုင်
ရန်ကုန်တိုင်ဒေသကြီး ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ၌ ဇူလိုင် ၃ ရက် နံနက် ၃ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၅၃) ယာဉ်ထိန်းတပ်ဖွဲ့မှ မကျီးကန်ကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ကွမ်းခြံကုန်းဘက်မှ ကော့မှူးဘက်သို့ ယာဉ်မောင်း ဦးအောင်နိုင်လင်း မောင်းနှင်လာသောယာဉ်မှာ မိုင်တိုင်အမှတ် ၁၆/၆ အနီးသို့အရောက် အရှေ့တွင် မောင်းနှင်နေသော ဦးမျိုးမင်းဇော် (၃၇)နှစ် ရွှေပြည်သာမြို့နယ် မောင်းနှင်သော ယာဉ်အမှတ် YGN6B/xxxx Nissan Diesel အဖြူရောင် (၂၄)ဘီးယာဉ်၏ နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ဦးအောင်နိုင်လင်း မောင်းနှင်သောယာဉ်မှာ ယာဉ်ခေါင်းပိုင်း ယာဘက်ခြမ်း ပိန်ချိုင့်ပျက်စီးခဲ့ပြီး ဦးအောင်နိုင်လင်းတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် လွှဲပြောင်းကုသခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဦးအောင်နိုင်လင်းအား ကော့မှူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)