ကော့မှူး ၁၆ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ ကော့မှူး-ကျိုက်ထော်ကားလမ်းဘေးနေ ဦးဇော်မင်းဦး၏ နေအိမ်၌ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှ ဦးဇော်မင်းဦး၏ ၈ ပေ၊ ၁၀ ပေ အုတ်ဒူးပိတ်၊ သွပ်မိုး၊ သွပ်ကာ မြေစိုက်အလုပ်ရုံတစ်လုံးသည် ဖွဲမီးဖိုဖြင့် ကော်စေးပြားများ မှိုင်းတိုက်ရာမှတစ်ဆင့် ကော်စေးပြားသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူများထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ ကော့မှူးမြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေ ဦးဆောင်၍ ကော့မှူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ကျိုက်ထော်မြောက်နယ်မြေမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်သုံးစီးဖြင့် တပ်ဖွဲ့ဝင် ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ကျေးရွာနေ ပြည်သူများကဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြပြီး ပိုင်ရှင်ဖြစ်သူ ဦးမင်းဇော်ဦး (၄၃)နှစ်အား ကော့မှူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)