ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ကော့မှူး  ၉   ဖေဖော်ဝါရီ  

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

IMG-828fd

 

ဖြစ်စဉ်မှာ ကိုင်ဇာဦး၏ ခြံကွက်လပ်အနောက်တွင် သွပ်မိုးထားသောကောက်ရိုးပုံမှ အပှုရှိန်လွန်ကဲ၍  မီးလောင်မှုဖြစ်ပွားရာ ကော့မှူးမြို့မရဲစခန်းမှ ယာယီရဲမှူးဝင်းလှိုင်ဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသက်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထက်နှင့်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးထိခိုက်မှု မရှိသော်လည်း သွပ်ကာတဲအတွင်း၌ထားရှိသော ကောက်ရိုးပုံ ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍  ကိုင်ဇာဦးကို ကော့မှူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျော်သူရ (ကော့မှူး)

 

IMG-a684edd