ကော့မှူး ၁၇ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် Shen Zhen Foundation က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတစ်ဆင့် ပေးပို့လှူဒါန်းလာသည့် Solar မီးများ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ပုပ္ပါးကျေးရွာ “စေတနာ့အလင်း” စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

ထိုသို့ လှူဒါန်းပစ္စည်းများ ကျေးရွာအရောက် လွှဲပြောင်းပေးအပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးရဲနောင်ချစ်မှ ကျေးရွာများမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက် တာဝန်ခံများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ Solar Syatem-1 Units သည် ငွေကျပ် ၁၈၄၃၀၀ တန်ဖိုးရှိကာ ကော့မှူးမြို့နယ်အတွင်းရှိ မှော်တော၊ ပုပ္ပါး၊ ဝါးဘလောက်သောက်၊ ကျုံဒရယ် ကျေးရွာတို့မှ စာကြည့်တိုက် (၄)တိုက်အား  တစ်စုံစီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်အေးချမ်း