ကော့မှူး မတ် ၁၅

 

တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောက်မျက် Hand Made ဖန်စီဒီဇိုင်းဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်တို့က အမျိုးသမီးလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်ပါက လက်တွေ့နယ်ပယ်တွင် အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်စေရန်၊ မိမိပတ်ဝန်းကျင် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိနိုင်ရေးတို့အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို သင်တန်းဆရာမဒေါ်ခင်ပြုံးဝေက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)