ကော့မှူး ဖေဖော်ဝါရီ ၉

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် မူလတန်းလွန်ကျောင်း (မူလွန်ပတုပ်) ကျောင်း၌ ကျင်းပခဲ့သည်။

 

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများ ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ပြည့်စုံစေရန်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စသည့် လူငယ်များနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီက လူငယ်နှင့် ပညာရေး အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ လူငယ်များ အသိပညာ ဗဟုသုတတိုး‌ပွားစေ‌ရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ကျော်သူရ(ကော့မှူး)