ကော့မှူး ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာအောင် သံဃာစူဠဘွဲ့နှင်းသဘင်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘုရားလမ်းရပ်ကွက် မဟာဝိဇ္ဇော ဒယကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ မြို့နယ် သံဃနာယကအဖွဲ့ ဝင်ဆရာတော် ဘဒ္ဒန္တဧတက (ဆားတိုင်မွှတ်)ကျောင်းတိုက်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒမှ ဩဝါဒတရားများ ချီးမြှင့်ပြီး ကြွရောက်လာကြသော ဩဝါဒါဆရာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် နဝကမ္မဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆက်ကပ် လှူဒါန်းကြသည်။
ကော့မှူးမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော် ပထမငယ်တန်းအောင် ငါးပါး၊ အခြေပြု မူလတန်းအောင်သံဃာ ၁၂ ပါး၊ စုစုပေါင်းသံဃာ/သီလရှင် ၁၇ ပါး အောင်မြင်ခဲ့ကြပြီး သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


