ကော့မှူးမြို့နယ်တွင် အသက်၅နှစ်အောက်ကလေးငယ်များအား အာဟာရဗီတာမင်အေဆေး တိုက်ကျွေး

ကော့မှူး ၁၉  ဖေဖော်ဝါရီ

ကလေးငယ်များကျန်းမာရေးအတွက် လိုအပ်သောအာဟာရဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီမှ စတင်တိုက်ကျွေးပေးနေကြောင်း သိရသည်။

 

အဆိုပါ အာဟာရ‌ဆေးတိုက်ကျွေးခြင်း အစီအစဉ်တွင်(၂)နှစ်နှင့် အထက်ကလေးငယ်များကို သံချဆေးတိုက်ကျွေးခြင်း၊ ၆လမှ၅နှစ်အရွယ်အထိကလေးငယ်များအားပေါင်ချိန်ခြင်း၊အာဟာရပြည့်မပြည့်တိုင်းတာခြင်း၊ယခုတိုက်‌ ကျွေးသောဗီတာမင်အေဆေးမှာကလေးငယ်များအတွက်အမြင်စွမ်းရည်ဖြစ်သည့်မျက်စိ ကျန်းမာရေးကိုအထောက်အကူပြုကြောင်း၊ယခုတိုက်ကျွေးမှုမှာ၂၀၂၀ပြည်နှစ်အတွင်းပထမရက်သတ္တ ပတ်တိုက်ကျွေးခြင်းဖြစ်ပြီးဒုတိယရက်သတ္တပတ်ကိုဩဂုတ်လအတွင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဆရာမဒေါ်မြတ်ပန်းဝတ်ရည်ထံမှသိရသည်။

ယနေ့ဆေးတိုက်ကျွေးရာတွင်‌ကော့မှူးမြို့ပေါ်ရပ်ကွက်များမှကလေးငယ်အယောက်၂၀၀ကျော်အားတိုက်ကျွေးနေပြီး‌ ကျေးရွာများတွင်လည်း လေးရက်ကြာတိုက် ကျွေးမည်ဖြစ်ကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)

 

c

 

b

 

a