ကော့မှူး ၁၃ မေ

 

နွေရာသီတွင် သောက်သုံးရေအခက်အခဲ မဖြစ်ပေါ်စေရေး ကျေးရွာများအရောက် သောက်သုံးရေများ လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် ကျူတောချောင်ကျေးရွာသို့ ရေဂါလန် ၁၆၀၀၊ လက်ခိုက်ကျေးရွာသို့ ရေဂါလန် ၃၂၀၀၊ ထမ္မနိုင်ကျေးရွာသို့ ရေဂါလန် ၆၄၀၀ စုစုပေါင်း ရေဂါလန် (၁၁၂၀၀) လှူဒါန်းခဲ့သည်။

 

ဒေသခံပြည်သူများထံမှလည်း ယခုလို ရာသီဥတုပူပြင်းသည့်ကာလတွင် သောက်သုံးရေများ ကျေးရွာအရောက် လာရောက်လှူဒါန်းပေးသည့်အတွက် ရေသုံးစွဲမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

(မောင်အေးချမ်း-ပြန်/ဆက်)