ကော့မှူး ၁၉ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်နှင့်အတူ ကျန်းမာရေး အသိညာပေးခြင်းလုပ်ငန်းများကို မတ် ၁၉ ရက် နေ့လယ်ပိုင်းက ကော့မှူးမြို့နယ် စမ်းကောက်ကျေးရွာတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်နှင့်အတူ စမ်းကောက်ကျေးရွာရှိ ကျောင်းသား/ကျောင်းသူ လူငယ်များအား စာအုပ်များအခမဲ့ငှားရမ်းပေးခြင်း၊ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်မှ စာဖတ်ရှိန်မြင့်မားရေးနှင့်အတူ လတ်တလော ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော အဆုတ်ရောင်ရောဂါ (2019-nCov) ရောဂါ ကြိုတင်ကာကွယ်ရေး ပြုမူနေထိုင်သင့်သည့် အချက်များကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့ပြင် အဆုတ်ရောင်ရောဂါ (2019-nCov) ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်ပြန်/ဆက် ဝန်ထမ်းများမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


