ကော့မှူး ၁၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဖွင့်လှစ်သော တောင်သူပညာပေးဆွေးနွေးပွဲနှင့် မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုခြင်းသင်တန်းဖွင့်ပွဲကို အောက်ကျောင်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှကြည်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပြန့်ပွားစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် ထွက်တိုးမိုဘိုင်းအက်ပလီကေးရှင်း သုံးစွဲနည်းသင်တန်းများ ပို့ချပေးနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါက်တာစန်းစန်းဝင်းနှင့် တာဝန်ရှိသူများက တောင်သူများအား နေပြည်တော် Call Centre ဖုန်းနံပါတ်များ Email လိပ်စာများ၊ Websiteများ သီးနှံပျက်စီးမှုနှင့် နည်းပညာအကြံဉာဏ်များ ရှင်းပြပြီး တောင်သူများက လက်တွေ့မေးမြန်းခဲ့ကြသည်။
အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲနှင့် မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုခြင်း သင်တန်းသို့ သင်တန်းသား သင်တန်းသူ(၅၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ