ကော့မှူးမြို့ရှိ ကောက်ရိုးပုံထည့်သော ဂိုဒေါင်တစ်လုံးမီးလောင်မှုဖြစ်ပွား

ရန်ကုန် ၈ ဖေဖော်ဝါရီ

ယနေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ကော့မှူးမြို့နယ် နတ်စင်ကုန်းတောင်ပိုင်း ဗိုလ်ချုပ်လမ်းတွင် ကောက်ရိုးပုံထည့်သော ဂိုဒေါင် တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ကော့မှူးမြို့နယ်မှ မီးသတ်ယာဉ် နှစ်စီးထွက်ခွာငြိမ်းသတ်လျက်ရှိပြီး ညနေ ၄ နာရီ ၄၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။

MDN