ကော့မှူး ၁၈ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရှေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပြီး မေတ္တာပို့သကြသည်။
အဆိုပါ ရွတ်ဖတ်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက်များက ဆရာတော်ကြီးများက ကမ္ဘာသူကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ နှစ်သစ်ဦးမင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်များကို မော်တော်ယာဉ်များပေါ်မှ ရွတ်ဖတ်တော်မူကြရာ ရပ်ကွက်နေပြည်သူများကနေအိမ်များအတွင်းမှနေ၍ ပရိတ်တရားတော်များ ကိုရိုသေစွာ နာယူနေကြကြောင်းတွေ့ရသည်။
ကျော်သူရ (ပြန်/ဆက်)