ကော့မှူး ဇန်နဝါရီ ၂၄

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၌ တွံတေးခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၂၃ ရက်က အခြေခံပညာအထက်တန်းကျောင်း (ကော့မှူး) နှင်းဆီခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အမှာစကား ပြောကြား ပြီး ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲတိယမှူး သောင်းရွှေက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ မှုခင်းဆိုင်ရာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သတိပြုရမည့်အချက်များ အကြောင်း ဟောပြောသည်။

 

အဆိုပါဟောပြောပွဲသို့ တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက် ရောက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးလက် ကမ်းစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)