ကော့မှူး  ၁၄  ဧပြီ 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်‌ ထောင်စုဝင်များအား ထောက်ပံ့ပေးသည့် စားသောက်ကုန်ငါးမျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီများအား ယမန်နေ့ည‌နေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုရှိ အိမ်ထောင်စုဝင်များအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးနေကြောင်း သိရသည်။

အခြေခံစားသောက်ကုန် ထောက်ပံ့ပေးခြင်းကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထက်ဝင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်းပါဝင်မှုနှင့် ပုံမှန်‌ဝင်ငွေမရှိသည် အိမ်ထောင်စုဝင်များအား သင်္ကနြ်ပိတ်ရက်ရှည်ကာလအတွင်း အဆင်ပြေစေရေးအတွက် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့အား ထောက်ပံ့ပေးအပ်ရာ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများအလိုက် အဖွဲ့ဖွဲ့၍ လိုက်လံထောက်ပံ့ပေးနေကြောင်း သိရသည်။

ကျော်သူရ ပြန်/ဆက်