ကော့မှူး ၁၃ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်းကျင်းပသော (၇၂)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်၁၁နာရီက လူထုအခြေပြုဗဟိုဌာန(Commuinty Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မဉ္ဇူက အာဇာနည်ခေါင်းဆောင်ကြီးများကို အနာဂတ်လူငယ်များ အမြဲသတိရ အောက်မေ့စေရန်နှင့် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကော့မှူးမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူ(၄၅)ဦးက စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဝင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ပြိုင်ပွဲဝင်များကို ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ မြို့နယ်ဦးစီးမှူးဒေါ်မဉ္ဇူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


