ကော့မှူး နိုဝင်ဘာ ၉

 

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ လူမှု ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ကတလုတ်ထော် ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ပုံ ၊ နိုင်ငံသားကတ်ကိုင်ဆောင်သူများ လိုက်နာရမည် စည်းကမ်းချက်များကိုရှင်း လင်းပြောကြားခဲ့ပြီး သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက်နိုင်ငံသားစီစစ်‌ရေးကတ်ပြား များနေချင်းပြီးပြုလုပ်‌ ပေးရာအသက်(၁၀)နှစ်ပြည့်နိုင်ငံ သားစီစစ်ရေးကတ်ပြားကျား(၈)ဦး ၊မ(၁၀)ဦး စုစုပေါင်း (၁၈)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြားကျား(၁၁)ဦး ၊ မ(၁၂)ဦး စုစုပေါင်း၂၃ဦး ၊ ၁၀နှစ်ပြည့်နှင့် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူ ကျား ၁၉ဦး၊ မ ၂၂ဦး စုစုပေါင်း ၄၁ဦးတို့အား နေချင်းပြီး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

  

ကော့မှူးမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့မှူးမြို့နယ် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအား အဖွဲ့လေးဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာ(၂၄)ရွာတို့ရှိ ပြည်သူများအား နိုင်ငံသားစီစစ် ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးတာ ဒီနေ့ အထိ ( ၁၃၀၀) ခန့် ရှိပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ကော့မှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့မှူးမြို့နယ ဦးစီးမှူးဦးအောင်ကျော်သူ ထံမှသိရသည်။

 

ကျော်သူရ (ကော့မှူး)