ကော့မှူး စက်တင်ဘာ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများ၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ အကျဉ်းသား/ အချုပ်သားများ၊  ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ စူပါမားကတ်များနှင့်ဈေးများမှ ဝန်ထမ်းများအား အ.ထ.ကကော့မှူး၊ အ.ထ.က နတ်စင်ကုန်း၊ အ.ထ.ကငှက်အော်စမ်း၊ အ.ထ.က မှော်တော၊ အ.ထ.ကကျိုက်ထော်၊ အ.မ.က ကျိုက်ထော်၊   အ.ထ.က ဝါးဘလောက်သောက် စသည့် ဆေးထိုးစုရပ်များတွင် စက်တင်ဘာ ၁ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၆၅)နှစ်အထက် လူဦးရေ (၁၂၀၀)၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၄၈)ဦး၊ စေတနာဝန်ထမ်း (၅၄၉)ဦး၊ သာသနာ့ဝန်ထမ်း (၂၂၇)ဦး၊ နိုင်ငံဝန်ထမ်း (၄၇၆)ဦး၊ နိုင်ငံဝန်ထမ်းမိသားစုဝင် (၁၀၁၄)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၁၅)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း (၃၀)၊ အကျဉ်းသား/အချုပ်သား (၇)ဦး၊  ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းများမှ (၃၈၅)ဦး၊ စူပါမားကတ်များနှင့် ဈေးများမှ ဝန်ထမ်း ( ၁၅၇၉ )ဦး စုစုပေါင်း ( ၅၅၃၀ )ဦး တို့အား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးလျက်ရှိပြီး မြို့နယ် အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ  (၃၈၃၇)ဦးအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး