မိုးညို  ၂၁ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကြည်ဖြူရှင်ဆရာတော်  ကြီးမှူးတည်ဆောက်ပြီးစီးသော "ဘဝအလင်းရောင်” စာကြည့်တိုက် ပေးအပ်လှူဒါန်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို မိုးညိုမြို့နယ်၊ မင်းဒူးအုပ်စု၊ မယင်းငယ်ကျေးရွာရှိ အလယ်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပထမဉီးစွာ ကြည်ဖြူရှင်ဆရာတော်၊ မိုးညိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်မှ စာကြည့်တိုက်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်စန္ဒာလင်းကသုတ/ရသစာအုပ်များအား လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကြည်ဖြူရှင်ဆရာတော်၊ မိုးညိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး၊ပညာရေးဌာနမှ တာဝန်ရှိသူများ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကိုမင်း(မိုးညို)