ကျောက်မဲ ၂ အောက်တိုဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ၊ ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် ၊ ခရိုင်ပညာရေးမှူး ဒေါ်ယဉ်မင်းဉီး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကျောင်းအကျိုးတော်ဆောင်များက အဆိုပါကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို စွမ်းလောဝ်ဟိန်း ကုမ္မဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းဦးက ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဝင်းက လက်ခံရယူခဲ့သည်။ ဆက်လက်၍ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း မှ တာဝန်ခံ ဆရာမကြီး ဒေါ်ခင်နှင်းဦးက ကျောင်းအထိမ်းအမှတ် အလံများကို တာဝန်ရှိသူများထံ ပြန်လည် ပေးအပ်ခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရံပုံငွေ ၉၉ ဒဿမ ၀၀၅ သန်းဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ ၅ ခန်းတွဲ RCC တစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး စွမ်းလောဝ်ဟိန်း ကုမ္မဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်ပြန်/ဆက်


