မိုးနဲ  ၇  သြဂုတ်   


ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နောင်ကျော့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟောပြေပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က အစားအစာနှင့် အာဟာရအကြောင်း သိကောင်းစရာများကို ပရိုဂျက်တာဖြင့်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ အနေဖြင့် မိုးနဲမြို့ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာ စိုင်းသီဟကျော် က ကျောင်းသား/ ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းဆေးကုဌာနမှ တာဝန်ခံ ဦးမျိုးသူလွင်နှင့် ဝန်ထမ်းများက အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းကိုလည်းကောင်း အမျိုးသမီးကျန်းမာရေး ဒေါ်နော်ကပေါ်စေးနှင့် ဝန်ထမ်းများက စနစ်တကျလက်ဆေးနည်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးတို့ကိုလည်းကောင်း စစ်ဆေးပေးပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ (မိုးနဲ)