ကျောင်းကုန်း နိုဝင်ဘာ ၂၄
ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူ(၁၂)ဦးနှင့် အထက်တန်းဆင့် ကျောင်းသားကျောင်းသူ(၄)ဦး စုစုပေါင်း (၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အလားတူ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၌လည်း ကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


