ကျောင်းကုန်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပိန်းမြောင်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညို၊ ဒေါင့်ကြီးနယ်မြေစခန်းမှူး ရဲအုပ် စေးဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်ကျော်မြင့်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့်က ဝမ်းမြောက်စကားပြောကြားပြီး ကျောင်းအကျိုးဆောင် ဦးအုန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်သည် အလျားပေ ၁၂၀ ၊ အနံပေ ၃၀ ၊ R C (၁)ထပ်ဖြစ်ပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၀၅ ဒသမ ၂၉၆ သန်းဖြင့် လင်းရောင်ထက်ကုမ္ပဏီက တာဝန်ယူကာ တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


