ကျောင်းကုန်း၊   ၆   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ  လေးထပ်အဆောက်အဦ၏ ဒုတိယထပ် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းသို့ ဒီဇင်ဘာ  ၆  ရက် နံနက်ပိုင်းက မြို့နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၄)ထပ် အဆောက်အဦကို ရွှေလမ်းမြင့်မြတ် ကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်လမ်းဦးစီးအင်ဂျင်နီယာ ဦးကျော်ဝင်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ခံအင်ဂျင်နီယာ ဦးအေးကို၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ဦးစီးအရာရှိ ဒေါက်တာဂျေကမ္ဘာငြိမ်းချမ်းတို့က ကွန်ကရစ်လောင်းခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အရည်အသွေး ပြည်မီသော အဆောက်အဦဖြစ်စေရန် ကြီးကြပ်လျက်ရှိသည်။ အဆိုပါ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ် အဆောက်အဦသည် ၉၇ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)