ကျောင်းကုန်း ၁၈ သြဂုတ်
ငါးသယံဇာတတိုးပွားရေး၊ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ် ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ကျောင်းကုန်းမြို့နယ်၊ ရောင်ပြစ်ကွင်းကျေးရွာရှိ လဟာကြိုက်အင်း အတွင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းခွဲကို ယနေ့နံနက် ၉ နာရီအချိန် ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး စောအောင်ရဲထွဋ်လွင် ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှုး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇော်မျိုးဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်ငါးလုပ်ငန်းဦးစီးမှုး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ရပ်ရွာအခြေပြု ငါးလုပ်ငန်းအစုအဖွဲ့များ တက်ရောက်၍ ငါးမြစ်ချင်းကောင်ရေ(၁)သိန်းခွဲ၊ တောင်ပေါ်ငါးသလောက် ကောင်ရေ(၅)သောင်း၊ ငါးခုံးမကြီးကောင်ရေ (၅)သောင်း စုစုပေါင်းကောင်ရေ(၂)သိန်းခွဲကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


