ကျောင်းကုန်း  ၁၁  ဒီဇင်ဘာ

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Myanmar Japan Collaboration Project (MJCP)၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း(PHF)တို့ ပူးပေါင်းဆောင်ရွက်သော ARKANE အရန်သားဖွားဆရာမသင်တန်း(၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ဒေါ်သန်းတင် ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ကျန်းမာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက မြန်မာနိုင်ငံရဲ့ မိခင်သေနှုန်း၊ တစ်နှစ်အောက်ကလေး သေနှုန်းနဲ့ ငါးနှစ်အောက်ကလေး သေနှုန်းများသည် နိုင်ငံတော်၏ အရေးကြီးပြီး အခြေခံကျသည့် စီးပွားရေး လူမှုရေးနဲ့ကျန်းမာရေး အညွှန်းကိန်းများဖြစ်သည့်အတွက် မိခင်နှင့်ကလေး ကျန်းမာရေးကိစ္စတွေကို ဦးစားပေး ကဏ္ဍတစ်ရပ်အနေနဲ့ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက်  ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ငါးနှစ်စီမံချက်နဲ့ ဖွင့်လှစ်သင်ကြားပေးရာ ပထမအကြိမ်(၃၅)ဦး၊ ဒုတိယအကြိမ်မှ ပဉ္စမအကြိမ်အထိ(၂၀)ဦးစီ၊ စုစုပေါင်း(၁၁၅)ဦး မွေးထုတ်ပေးခဲ့ပြီဖြစ်ကြောင်း၊ အရန်သားဖွားဆရာမများမွေးထုတ်ပေးလိုသော ကျေးရွာပေါင်း(၂၃၄)ရွာရှိပြီး ယနေ့အထိ မွေးထုတ်ပေးနိုင်သော ကျေးရွာပေါင်း(၂၁၇)ရွာ ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် အလှူရှင်ကိုယ်စား ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေက ပြည်သူလူထုရဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတနည်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်လှမ်းမီမှုနည်းပါးနေသေးလို့ ‌ဆေးရုံဆေးခန်းများသို့ အချိန်မီ မရောက်ဘဲ မိခင်နှင့်ကလေး သေဆုံးမှုတွေ နည်းပါးစေချင်လို့ ယခုလို အရန်သားဖွားသင်တန်း သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ မွေးထုတ်ပေးသော အရန်သားဖွား ဆရာမများရဲ့ တည်နေရာကို power point ဖြင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ဒေသအတွင်း အရည်အသွေးပြည့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူလူထုမှ အသုံးပြုလာခြင်းဖြင့် မိခင်နှင့်ကလေး သေဆုံးမှုနှုန်း လျော့နည်းစေရန် ရည်ရွယ်လျက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရ ထူးချွန်သူ ငါးဦးအား ရွှေလက်စွပ်များကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ခဲ့သည်။၊

 

ဝင်းကြိုင်(ပြန်/ဆက်)