ကျောင်းကုန်း  ၂၀   ဧပြီ 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် ကျောင်းကုန်းမြို့မဈေးကြီးတွင် အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်နှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပအခြားပစ္စည်းများ ရောင်းချသည့်ဆိုင်များအားလုံး ယနေ့ မွန်းလွဲမှစ၍ ဧပြီလကုန်အထိ ယာယီပိတ်သိမ်းသွားမည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)