ကျောင်းကုန်း ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့် ပိတ်ထားသော စာသင်ကျောင်း ၁၃၆ ကျောင်းအနက်မှ ဩဂုတ် ၁၃ ရက်တွင် ၉၄ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းကုန်းမြို့နယ်ရှိ အမက ၂၇ ကျောင်း၊ မူလွန် ခြောက်ကျောင်း၊ အလက(ခွဲ) တစ်ကျောင်း၊ အလက တစ်ကျောင်း၊ အထက(ခွဲ) သုံးကျောင်းနှင့် အထက လေးကျောင်း စုစုပေါင်း ၄၂ ကျောင်း ပြန်ဖွင့်ရန် ကျန်ရှိသေးသည်။ ဒါးကမြစ်ရေသည် စိုးရိမ်ရေအမှတ် ပေ ၂၀ မှ ပြန်လည်ကျဆင်းလျက်ရှိရာ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် သုံးပေခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


