ကျောင်းကုန်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လက်ပံချောင်အုပ်စု၊ ခြောက်အိမ်တန်းကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၃/၄ နှင့်၈၃/၅ကြားတွင် မသင်္ကာဖွယ်ရာကားတစ်စီး တွေ့ရှိကြောင်း သတင်းအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းရွှေနှင့်အဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးနေဝင်းနောင်တို့သည် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးရာ 2B/----- NISSAN (ခြောက်ဘီးကုန်တင်ကား)ပေါ်တွင် တရားမဝင် အခြားသား အချောင်းရေ ၄၀၊ ခန့်မှန်းတန်ချိန် ငါးတန်ခန့် (ကာလတန်ဖိုး ငွေကျပ် ၁၀ သိန်းကျော်ခန့်)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။
အဆိုပါ မော်တော်ယာဉ်အား ကျောင်းကုန်း မြို့မရဲစခန်းသို့ ယူဆောင်လာခဲ့ပြီး အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိသောသစ်များအား ရေကြည်မြို့နယ် သစ်တောရုံးသို့ ပို့ဆောင်တိုင်းတာပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)