ကျောင်းကုန်း၊ ၁၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့်အုပ်စု အောင်မင်္ဂလာ ရိုးတူးဖော်ခြင်းလုပ်ငန်းသို့ ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အောင်မင်္ဂလာ ရိုးတူးဖော်ခြင်းလုပ်ငန်းအား သစ္စာပြည့်စုံ ကုမ္ပဏီမှ တာဝန်ယူတူးဖော်လျက်ရှိပြီး အလျား ပေ ၁၄၃၀၀ မြေကျင်းပေါင်း(၈၉၆၅)ကျင်း ဖြစ်၍ ငွေကျပ်(၁၉၇)သိန်းကျော်ဖြင့် ဆောင်ရွက်မည်ဖြစ် သည်။ ထိပ်ဝအကျယ် (၁၈)ပေ၊ ပျမ်းမျှအနက်(၇)ပေနှင့် အောက်ခြေအကျယ်(၄)ပေ ဖြစ်ကြောင်း၊ တူးဖော်ပြီးစီးပါက အောင်မင်္ဂလာ စံပြလယ်ဧက(၁၀၀)အား စိုက်ပျိုးရေး အောင်ရေရရှိနိုင်မည်ဖြစ် ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က ပြောသည်။
အဆိုပါ တူးဖော်ခြင်းလုပ်ငန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


