ကျောင်းကုန်း ၁၂ ဇန်နဝါရီ

 

အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေဖြင့် ဆောင်ရွက်ရန် အဆိုပြုထားသော လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ အရှိန်အဟုန်မြှင့် ပြောင်းလဲခြင်းဥပဒေစီမံကိန်း Accelerated Rule Electrification Project အတွက် အာရှဖွံ့ဖြိုးရေးဘဏ် အထူးတာဝန်ထမ်းဆောင်သော ADB Mission အဖွဲ့မှ Site Visit လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ကျောင်းကုန်းမြို့နယ် လှည်းဆိပ်အုပ်စု လှည်းဆိပ်ကျေးရွာတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ လျှပ်စစ်စွမ်းအင်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးခိုင်က (၃)မိုင်ပြီးသွားလျှင် (၅)မိုင်၊ ပြီးရင် (၁၀)မိုင်အတွင်း ပြည်သူလူထုများ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုပထမဆင့်အနေဖြင့် (၂)မိုင်အတွင်း ဧရာဝတီတစ်တိုင်းလုံးမှာ ကျေးရွာ (၆၅၃)ရွာ မီးလင်းရေး ဆောင်ရွက်ပြီးစီးတော့မှာဖြစ်ကြောင်း၊ ဒုတိယဆင့်အနေဖြင့် ကျေးရွာပေါင်း (၈၃၁)ရွာ မီးလင်းရေး ဆောင်ရွက်မှာဖြစ်ပြီး တတိယဆင့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် လျှပ်စစ်မီးရရှိမှု အားနည်းနေသည့်အတွက် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ADB Mission အဖွဲ့ Principal Energy Economist မှ Bai Quy Thanh က အိမ်တိုင်းအိမ်တိုင်း လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများကလည်း ပါဝင်ဆွေးနွေးစေချင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် လှည်းဆိပ်အုပ်စု တာဦးကျေးရွာမှ ဦးခင်ဝင်းက လှည်းဆိပ်အုပ်စုထဲတွင် ရွာစဉ်ဝေးသည့် ဘူတာစုရွာနှင့် အပင်နှစ်ဆယ်ရွာတို့မှာ မီးရရှိနေသော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မီးမဆွဲနိုင်ဖြစ်နေသည်ကို မည်သို့ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

mdn

 

အဆိုပါလှည်းဆိပ်ကျေးရွာတွင် တည်ဆောက်မည့် ဓာတ်အားခွဲရုံသည် 66/11 KV, 10 MVA ဖြစ်ပြီး လှည်းဆိပ်အုပ်စုအပြင် လက်ပန်ချောင်အုပ်စု၊ ဂုန်မင်းအုပ်စု၊ ရေတာကြီးအုပ်စု၊ ဇီးချောင်အုပ်စု၊ ထန်းတပင်အုပ်စု၊ ဗြိုက်ကြီးအုပ်စု၊ ကံကလေးအုပ်စု၊ ဆိပ်ဖူးနီအုပ်စု၊ ရွှေပန်းငူအုပ်စု၊ ကျုံဖားရိုးအုပ်စု၊ သဲကုန်အုပ်စု၊ ရင်ဆိုင်အုပ်စုတို့ကို အကျိုးပြုမည့် ဓာတ်အားခွဲရုံဖြစ်ကြောင်း လှည်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးပိုင်က ပြောသည်။

 

လှည်းဆိပ်ကျေးရွာသည် ရေကြည်ဓာတ်အားခွဲရုံကနေ ကံကလေးကျေးရွာမှတစ်ဆင့် သွယ်တန်းယူရာ လျှပ်စစ်မီးအား (၁၅၀)သာရရှိပြီး ယခုဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက လျှပ်စစ်မီးအား ကောင်းမွန်စွာ သုံးစွဲနိုင်တော့မှာဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)

 

mdn