ကျောင်းကုန်း  ၁၅  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်စီဂျင်စက်နှင့် အောက်စီဂျင်တိုင်းစက် လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

 

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီပြည်နယ်နေ ဒေါက်တာ ဝေလျှံအောင်မြတ်+ဒေါက်တာ လှမြတ်မိုး၊ (သမီး)မလှသဇင်မြတ်မိသားစုမှ အောက်စီဂျင်စက် Ventilator (၁)လုံးနှင့် အောင်ပန်းမြို့၊ ကျောင်းကုန်းသား ဒေါက်တာကြည်လွင်မှ အောက်စီဂျင်တိုင်းစက်  PULSE Oximeter (၂)ခု စုစုပေါင်း ကာလတန်ဖိုး(၈)သိန်းကျော်ခန့် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဒေါက်တာ ဝေလျှံအောင်မြတ်သည် ကျောင်းကုန်းမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ တာဝန်ထမ်းဆောင်ဖူးသူဖြစ်သဖြင့် ယခုလို လှူဒါန်းခြင်းဖြစ်ကြောင်း၊ အလှူရှင်ကိုယ်စား ဦးမြင့်ထွန်းနှင့်ဦးစိန်ဝင်းတို့က လှူဒါန်းပေးရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်က လက်ခံရယူခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)

 

mdn