ကျောင်းကုန်း  ၂၄  ဧပြီ

ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကျောင်းကုန်းမြို့နယ်အသင်း (ရန်ကုန်)မှ ဆေးရုံသုံးပစ္စည်း ပေးအပ်လှူဒါန်းမှုကို ယနေ့နံနက် ၁၁ နာရီက ပြည်သူ့ဆေးရုံ အရေးပေါ်ဌာန၌ ကျင်းပခဲ့သည်။

 

ကျောင်းကုန်းမြို့နယ်အသင်း(ရန်ကုန်)မှ အောက်ဆီဂျင်စက်(၁)လုံး၊ ဦးစိန်ဝင်း+ဒေါ်မာမာကြူ (မြန်ကောင်းစံ သယ်ယူပို့ဆောင်ရေး)မှ အောက်ဆီဂျင်စက်(၁)လုံး စုစုပေါင်း တန်ဖိုးငွေကျပ်(၂၁)သိန်း လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့‌သည်။

 

အလားတူ ဧပြီလ ၈ ရက်နေ့က ကျောင်းကုန်းမြို့နယ်အသင်း(ရန်ကုန်)မှ ကျောင်းကုန်းမြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီသို့ အပူတိုင်းစက် (၁၀)လုံး အပါအဝင် ကျပ်သိန်း(၂၀)ကျော် လှူဒါန်းခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီးထံက သိရသည်။

 

အဆိုပါလှူဒါန်းပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)