ကျောင်းကုန်း ၁၇ မတ်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရာ ကော်မတီမှ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆောက်လက်စ အဆောက်အဦ များအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအင်အားအခြေအနေ၊ ဆေးရုံတွင်လိုအပ်ချက်ရှိ/မရှိ၊ ဆေးရုံတက်ရောက်နေသော လူနာအင်အား မေးမြန်းခဲ့ပြီး ဆောက်လက်စ လေးခန်းတွဲ လေးထပ်၊ ခြောက်ခန်းတွဲ လေးထပ်၊အ.မ.က မြို့မကျောင်းဆောက်လုပ်မှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး အရည်အသွေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ကြသည်။
အဆိုပါအဖွဲ့ကို လပွတ္တာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ ခေါင်းဆောင်သော(၈)ဦးအဖွဲ့နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ လိုက်ပါခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


