ကျောင်းကုန်း ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ဇူလိုင် ၉ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် တတိယလှိုင်းအဖြစ် ဇွန် ၂၂ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွသ် ပိုးတွေ့လူနာ ၂၂ ဦးနှင့် ဇူလိုင် ၉ ရက်တွင် ပိုးတွေ့လူနာ ၂၄ ဦး စံချိန်တင် တွေ့ရှိခဲ့ရာ ပိုးတွေ့သူစုစုပေါင်း ၁၃၈ ဦးအထိရှိပြီဖြစ်ပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၃၈ ဦးရှိ၍ ဆေးကုသဆဲ လူနာ ၁၀၀ သာ ရှိတော့ကြောင်း၊ ကူးစက်ပျံ့နှံ့မှုမှာ အလွန်လျင်မြန်လျက်ရှိသဖြင့် ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို စနစ်တကျ လိုက်နာကြရန် တာဝန်ရှိသူများက လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း
သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


